သော့ချက်စာလုံး Crisis Of Faith
Silence 2016
Noel 2004
Do You Believe? 2015
Exorcist: The Beginning 2004
Exorcist series ကြီးရဲ့အစသမိုင်းဖြစ်တဲ့ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေ လန်ကတ်စတာ မယ်ရင် တဖြစ်လဲဖာသာမယ်ရင်။စစ်ပွဲကြီးအပြီးမှာ သေကြေရတာတွေအနိဠာရုံတွေမြင်ခဲ့တာကနေဘုရားသခင်အပေါ်ယုံကြည်မှုပျောက်ဆုံးသွားခဲ့ပြီးရှေးဟောင်းသုတေသနပညာရှင်အနေနဲ့ပဲကျင်လည်ကျက်စားနေတဲ့သူပါ။တနေ့မှာသူ့ဆီအလုပ်ရောက်လာခဲ့တာက အာဖရိကက ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းတခုဆီကရုပ်ထုတစ်ခုကိုရှာပေးဖို့ပါပဲ။ဒါပေမဲ့ခရစ်ယာန်သာသနာအာဖရိကတိုက်မရောက်ခင်တည်းကရှိနေခဲ့တဲ့ဒီဘုရားကျောင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။ဒီဘုရားကျောင်းနားမှာဖြစ်ပျက်နေတဲ့သေကြေပျက်စီးနေတာတွေကဘာကြောင့်လဲ။ နယ်ခံတာကာနာလူမျိုးတွေနဲ့ဒီဘုရားကျောင်းနဲ့ကဘာတွေဆက်နွယ်နေတာလဲ။ ဒီသေကြေပျက်စီးနေတာတွေရဲ့အလည်မှာကောင်လေးတယောက်ကလည်းရှိနေတာဘာကြောင့်များလဲ။ ဒီကောင်လေးကိုဘယ်အရာကများပူးကပ်ပြီးသတ်ဖြတ်နေတာလဲ။ ဘုရားသခင်ကိုယုံကြည်မှုမရှိတော့တဲ့မယ်ရင်တယောက်အဖြေရှာကယ်တင်ဖို့ကြိုးစားတာအောင်မြင်နိုင်ပါ့မလားဆိုတာကို Exorcist the beginning ဆိုတဲ့ဇာတ်ကားမှရှုစားပေးကြပါဦး
First Reformed 2018
Between the Temples 2024
To the Wonder 2013
The Preacher's Wife 1996
Priest 1995
Tõde ja õigus 2019
San Francisco 1936
Noëlle 2007
El sacerdote 1978
Sœur Sourire 2009
Running the Bases 2022
ငယ်စဉ်ကတည်းက ဘေ့စ်ဘောကစားနည်းကို ဝါသနာကြီးသလို ကစားတာလည်းထူးချွန်တဲ့ ဂျော့ရှ်နဲ့လုခ်ဆိုပြီး ညီအစ်ကို၂ယောက် ရှိရာ ကံမ ကောင်းစွာပဲ အစ်ကိုဖြစ်သူ ဂျော့ရှ်က နှလုံးအားနည်းတဲ့ ရောဂါကြောင့် ကွင်းထဲမှာပဲ ရုတ်တရက်သေသွားသလို ညီဖြစ်သူ လုခ်လည်း အလားတူရောဂါမျိုးဆေးစစ်တွေ့ရှိခဲ့လို့ ဝါသနာကြီးတဲ့ ဘေ့စ်ဘောကစားခြင်းကို စွန့်လွှတ်လိုက်ရပါတယ်။ ဒါပေမဲ့တစ်နေ့မှာ သူချစ်တဲ့ဘေ့စ်ဘောလော ကထဲ တဖန်ပြန်ဝင်ဖို့ လမ်းစရပြီး ဘေ့စ်ဘောနည်းပြတစ်ဦးဖြစ်လာကာ ဇာတိမြို့ငယ်ရဲ့ ကျောင်းအသင်းလေးကို ဆုဖလား၉ကြိမ်ရအောင် ဦး ဆောင်နိုင်သူဖြစ်လာပါတယ်။ ဒီလိုနဲ့တက္ကဆက်က ကျောင်းကြီးတစ်ကျောင်းက သူ့ကို နည်းပြလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါ ရလာတဲ့အခွင့်အရေးကို လက်လွတ်မခံနိုင်ဖို့ လက်ခံလိုက်ပါတယ်။ ဇာတိမြို့အသင်းကို ကိုင်တွယ်စဉ်က ဖိအားတွေ သိပ်မရှိခဲ့ပေမယ့် မြို့ကြီးပြကြီးမှာကျောင်း ကြီးတစ်ကျောင်းရဲ့အသင်းကို ကိုင်တွယ် ရတဲ့အခါ ထင်သလောက်မလွယ်ဘဲ ဘက်ပေါင်းစုံက အခက်အခဲ များစွာ ကြုံလာရတဲ့အခါ လုခ်အနေနဲ့ ဘေ့စ်ဘောချစ်စိတ်တစ်ခုနဲ့ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ပြမလဲ။ သူကိုင်တွယ်ရတဲ့ အသင်းကို အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်မလားစောင့် ကြည့်ရမှာပါ။